Outline

တင်ပြရန်လုပ်ငန်း

 ကျောင်းသားများ၏ BIM/CIM & VR နည်းပညာများကို အသုံးပြု၍ ဆန်းသစ်သောဗိသုကာပညာ၊ တံတားနှင့် မြို့ဒီဇိုင်းကို ဒီဇိုင်းရေးဆွဲမှုဆိုင်ရာ နိုင်ငံတကာ ဒီဇိုင်းပြိုင်ပွဲတစ်ခုဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ကျောင်းသားများသည် ဒီဇိုင်း၊ ဆန်းသစ်သော စိတ်ကူးနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ကဏ္ဍများတွင် ကြိုတင်သတ်မှတ်ထားသည့် ဆောင်ပုဒ်(Theme) တစ်ခုကို ဖော်ပြနိုင်သည့် ထူးချွန်သောလက်ရာတစ်ခုအတွက် ပေးအပ်သည့် ထိပ်တန်းဆုအတွက် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ဆောင်ပုဒ်ပေါ်အခြေခံ၍ ၎င်းတို့၏အလုပ်များကို စီစဉ်ရေးဆွဲကာ သရုပ်ပြမှုကို လုပ်ဆောင်သည်။ ၎င်းတို့၏ နောက်ဆုံးပုံစံကို အကဲဖြတ်ရန်အတွက် ဇာတ်ညွှန်း(script) ပုံစံဖြင့် ဒိုင်လူကြီးများထံ တင်ပြမည်ဖြစ်သည်။

ယခုနှစ်၏ ဆောင်ပုဒ်အပေါ် အခြေခံ၍ လျှောက်ထားသူများသည် ပေါင်းစပ်ထားသော BIM/CIM ဒေတာကို အသုံးပြု၍ VR သရုပ်ဖော်ပုံ၊ သယ်ယူပို့ဆောင်ရေး၊ တံတား/ဥမင်လိုဏ်ခေါင်း/လမ်းတည်ဆောက်ပုံ၊ အဆောက်အဦးတည်ဆောက်ပုံ၊ ပါတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း/လွတ်မြောက်ရာရွှေ့ပြောင်းခြင်း စသော ဒီဇိုင်း အနည်းဆုံးနှစ်ခု သို့မဟုတ် ထို့ထက်ပိုမိုပါဝင်သော ၎င်းတို့၏အလုပ်များကိုတင်ပြရန် တောင်းဆိုထားသည်။ ဤပြိုင်ပွဲကို သင့်လက်ရာဖန်တီးရန် အခွင့်အရေးတစ်ခုအနေဖြင့် မှတ်ယူပြီး FORUM8 ၏ BIM ဆော့ဖ်ဝဲလ်နှင့် VR နည်းပညာများကို နည်းလမ်းပေါင်းစုံဖြင့် သင့်အားအသုံးပြုစေလိုသည်။

BIM/CIM ကို နည်းလမ်းအမျိုးမျိုးတွင် အသုံးပြုနိုင်ကြောင်း သရုပ်ပြရန်အတွက် မတူညီသော နယ်ပယ်အသီးသီးတွင် သင်ကြားနေသော ဌာနအသီးသီးမှ ကျောင်းသားများအား ၎င်းတို့၏ စံပြပုံစံကို အတူတကွ လုပ်ဆောင်မည့် အဖွဲ့ဖွဲ့ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျောင်းသားများအား ၎င်းတို့၏ အလုပ်များပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း စီစဉ်ထားပါသည်။ ယခုမှစတင် ဆော့ဖ်ဝဲလ်အသုံးပြုမည့် ကျောင်းသားများကိုလည်း သင်ကြားပံ့ပိုးပေးပါမည်။

၂၀၂၂ ဆောင်ပုဒ်(Theme)
A city where humans and smart mobility coexist
- Western Sydney Airport Terminal Neighborhood

[အခမဲ့ငှားရမ်းပေးသော ဆော့ဖ်ဝဲများ]

  • ■VRCG Software UC-win/Road
    ဂျပန်၊ အင်္ဂလိပ်၊ တရုတ်စသည်ဖြင့် ဘာသာစကားမျိုးစုံဖြင့် ရရှိနိုင်သော 3D Realtime Virtual Reality ဆော့ဖ်ဝဲလ်ကို ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းများ၊ ဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းကဲ့သို့သော အမျိုးမျိုးသော simulation များအတွက် အသုံးပြုနိုင်ပါသည်။

  • ■UC-win/Road Assessment Plugin
    ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု Plug-in သည် UC-win/Road ၏ အချိန်နှင့်တစ်ပြေးညီ သရုပ်ဖော်လုပ်ဆောင်မှုအမျိုးမျိုးကို အသုံးပြုခြင်းဖြင့် VR နှင့် ရိုးရှင်းသော အကဲဖြတ်မှုကို လုပ်ဆောင်နိုင်စေပါသည်။ အစိမ်းရောင်မြင်ကွင်းနှုန်းနှင့် နေရောင်ခြည်အတားအဆီးများကို အကဲဖြတ်နိုင်ပြီး ဆိုလာပြားများမှ အလင်းပြန်မှုကို ခန့်မှန်းနိုင်သည်။

  • ■3DCG Software Shade3D
    BIM/CIM ကို ပံ့ပိုးပေးသည့် ပြည့်စုံသော 3D CG ဆော့ဖ်ဝဲဖြစ်သည်။ All-in-one Package တွင် မော်ဒယ်ဖန်တီးခြင်း၊ ပုံဖော်ခြင်း၊ ကာတွန်းနှင့် 3D ပရင့်ထုတ်ခြင်းအတွက် လုပ်ဆောင်ချက်များ ပါဝင်သည်။

  • ■Civil Engineering Design CAD UC-1 Series
    Abutment, Pier, BOX Culvert အစရှိသော မြို့ပြအင်ဂျင်နီယာနှင့် အဆောက်အဦးတည်ဆောက်ပုံများအတွက် ပုံဆွဲပရိုဂရမ်များ၊ ငလျင်ဒီဇိုင်းနှင့် အားဖြည့်ဒီဇိုင်း၊ 3D bar arrangement များပါဝင်သည်။

  • ■Environmental/Energy Analysis DesignBuilder
    အလင်း၊ အပူချိန်၊ CO2 စသည်တို့နှင့် စွမ်းအင်ချွေတာသော အဆောက်အဦးဒီဇိုင်းတို့ကို ပံ့ပိုးပေးသည့် ဆော့ဖ်ဝဲဖြစ်သည်။

■Seismic and structural analysis FEM software Engineer's Studio®

■Integrated BIM solution for building and civil engineering Allplan

■EXODUS/SMARTFIRE Analysis Support Service, Evacuation Analysis Support Service

Online Seminars

ဂျူရီများ
  • VDWC Head Judge Prof. Yasushi Ikeda

    Project Prof., Univ. of Tokyo, Faculty of Engineering, Dept. of Architecture, Architecture Information Lab.

  • Prof. Kostas Terzidis

    Tongji University

  • Prof. C. DAVID TSENG

    National Chiao Tung University, Taiwan

  • Assoc. Prof. Takehiko Nagakura

    Massachusetts Institute of Technology
    Department of Architecture

အချိန်ဇယား
ဝင်ခွင့်ကာလ

၂၀၂၂ ဧပြီ ၁ ရက် သောကြာနေ့ မှ ဇွန် ၃၀ ရက် ကြာသပတေးနေ့ အထိ

Product license
အခမဲ့ငှားရမ်းမှုကာလ

၂၀၂၂ ဧပြီ ၁ ရက် သောကြာနေ့ မှ နိုဝင်ဘာ ၂၅ ရက် သောကြာနေ့ အထိ

ပဏာမစစ်ဆေးခြင်း/ အရည်အချင်းစစ်ရလဒ်များ အသိပေးခြင်း။

စစ်ဆေးခြင်း : ၂၀၂၂ ဂျူလိုင် ၁၂ ရက် အင်္ဂါနေ့
ရလဒ်များအသိပေးခြင်း : ၂၀၂၂ ဂျူလိုင် ၂၀ရက် ဗုဒ္ဓဟူးနေ့

တင်ပြသည့်ကာလ

၂၀၂၂​ စက်တင်ဘာ ၂၀ ရက် အင်္ဂါနေ့ မှ အောက်တိုဘာ ၂ ရက် တနင်္ဂနွေနေ့ အထိ

Cloud တွင် စစ်ဆေးခြင်း

၂၀၂၂ အောက်တိုဘာ ၇ ရက် သောကြာနေ့ မှ အောက်တိုဘာ ၁၃ ရက် ကြာသပတေးနေ့ အထိ

ပဏာမရွေးချယ်ခံရသူများ ကြေငြာခြင်း

၂၀၂၂ အောက်တိုဘာ ၁၄ ရက် သောကြာနေ့

အပြီးသတ်ဆုံးဖြတ်ပွဲ ဖွင့်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား

၂၀၂၂ နိုဝင်ဘာ ၁၇ ရက် ကြာသပတေးနေ့
နေရာ : Shinagawa Intercity Hall(MAP)

ဆု

  • World Cup Award
    (1 work)

    ဆုကြေး ဂျပန်ယန်း ၃၀၀၀၀၀

  • Excellence Award

    ဆုကြေး ဂျပန်ယန်း  ၁၀၀၀၀၀

  • Honorable Judge Award
    (About 4 works)

    ဆုကြေး ဂျပန်ယန်း ၅၀၀၀၀

  • Nomination Award

    အမှတ်တရလက်ဆောင်

Kanto ဧရိယာမှလွဲ၍ အခြားဒေသမှ အဖွဲ့ဝင် ၃ ဦးအထိနှင့် အဖွဲ့တစ်ခုစီတွင် နိုင်ငံရပ်ခြားမှ အဖွဲ့ဝင် ၂ ဦးကို ဖိတ်ကြားရန် စီစဉ်ထားသည်။

Overview

လျှောက်ထားရန်အရည်အချင်း
Outline
BIM/CIM နှင့် VR တို့နှင့် အလုပ်လုပ်သည့် မြို့ပြအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးဆိုင်ရာ Cloud-based ဒီဇိုင်းပြိုင်ဆိုင်မှုဖြစ်သည်။ ကျောင်းသားများ၏ BIM/CIM & VR နည်းပညာများကို အသုံးပြု၍ ဆန်းသစ်သောဗိသုကာပညာ၊ တံတားနှင့် မြို့ဒီဇိုင်းကို ဒီဇိုင်းရေးဆွဲမှုဆိုင်ရာ နိုင်ငံတကာ ဒီဇိုင်းပြိုင်ပွဲတစ်ခုဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ကျောင်းသားများသည် ဒီဇိုင်း၊ ဆန်းသစ်သော စိတ်ကူးနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ကဏ္ဍများတွင် ကြိုတင်သတ်မှတ်ထားသည့် ဆောင်ပုဒ်(Theme) တစ်ခုကို ဖော်ပြနိုင်သည့် ထူးချွန်သောလက်ရာတစ်ခုအတွက် ပေးအပ်သည့် ထိပ်တန်းဆုအတွက် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ဆောင်ပုဒ်ပေါ်အခြေခံ၍ ၎င်းတို့၏အလုပ်များကို စီစဉ်ရေးဆွဲကာ သရုပ်ပြမှုကို လုပ်ဆောင်သည်။ ၎င်းတို့၏ နောက်ဆုံးပုံစံကို အကဲဖြတ်ရန်အတွက် ဇာတ်ညွှန်း(script) ပုံစံဖြင့် ဒိုင်လူကြီးများထံ တင်ပြမည်ဖြစ်သည်။
ယခုနှစ်၏ ဆောင်ပုဒ်အပေါ် အခြေခံ၍ လျှောက်ထားသူများသည် ပေါင်းစပ်ထားသော BIM/CIM ဒေတာကို အသုံးပြု၍ VR သရုပ်ဖော်ပုံ၊ သယ်ယူပို့ဆောင်ရေး၊ တံတား/ဥမင်လိုဏ်ခေါင်း/လမ်းတည်ဆောက်ပုံ၊ အဆောက်အဦးတည်ဆောက်ပုံ၊ ပါတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း/လွတ်မြောက်ရာရွှေ့ပြောင်းခြင်း စသော ဒီဇိုင်း အနည်းဆုံးနှစ်ခု သို့မဟုတ် ထို့ထက်ပိုမိုပါဝင်သော ၎င်းတို့၏အလုပ်များကိုတင်ပြရန် တောင်းဆိုထားသည်။ ဤပြိုင်ပွဲကို သင့်လက်ရာဖန်တီးရန် အခွင့်အရေးတစ်ခုအနေဖြင့် မှတ်ယူပြီး FORUM8 ၏ BIM ဆော့ဖ်ဝဲလ်နှင့် VR နည်းပညာများကို နည်းလမ်းပေါင်းစုံဖြင့် သင့်အားအသုံးပြုစေလိုသည်။
BIM/CIM ကို နည်းလမ်းအမျိုးမျိုးတွင် အသုံးပြုနိုင်ကြောင်း သရုပ်ပြရန်အတွက် မတူညီသော နယ်ပယ်အသီးသီးတွင် သင်ကြားနေသော ဌာနအသီးသီးမှ ကျောင်းသားများအား ၎င်းတို့၏ စံပြပုံစံကို အတူတကွ လုပ်ဆောင်မည့် အဖွဲ့ဖွဲ့ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျောင်းသားများအား ၎င်းတို့၏ အလုပ်များပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း စီစဉ်ထားပါသည်။ ယခုမှစတင် ဆော့ဖ်ဝဲလ်အသုံးပြုမည့် ကျောင်းသားများကိုလည်း သင်ကြားပံ့ပိုးပေးပါမည်။
တင်ပြရန်လုပ်ငန်း

Theme2022
A city where humans and smart mobility coexist - Western Sydney Airport Terminal Neighborhood

ဆစ်ဒနီ(Sydney)သည် ဩစတြေးလျတွင် အကြီးဆုံးမြို့သာမက ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ကမ္ဘာ့လှည့်ခရီးသွား ထိပ်တန်းမြို့များထဲမှ တစ်ခုလည်းဖြစ်သည်။ ဆစ်ဒနီ၏အနောက်ဘက် ၅၀ ကီလိုမီတာအကွာရှိ Badgerys Creek၊ Sydney၊ New South Wales တွင် ဆစ်ဒနီလေဆိပ်သစ်တည်ဆောက်မှုကို စတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ လက်ရှိ Sydney လေဆိပ်နှင့် မတူဘဲ အတက်အဆင်းနှင့် ဆင်းသက်မှုကန့်သတ်ချက်များရှိသည့် ဤ ၂၄ နာရီလေဆိပ်သည် အနာဂါတ်တွင် သြစတြေးလျ၏ အကြီးဆုံးခရီးသည်တင် လေဆိပ်ဖြစ်လာရန် မျှော်လင့်ထားပြီး ဤလေဆိပ်တည်ဆောက်မှုနှင့်အတူ လက်ရှိတွင် နေရာလွတ်ဖြစ်နေသော အနီးပါတ်ဝန်းကျင်သည် သြစတြေးလျရှိ အကြီးဆုံးမြို့ပြဖွံ့ဖြိုးရေးပရောဂျက်များထဲမှ တစ်ခုဖြစ်သည့် Aerotropolis ဟုခေါ်သော ပရောဂျက်၏နေရာဖြစ်သည်။

ဤ VDWC တွင် West Sydney Airport Terminal နှင့် ကပ်လျက် အနာဂါတ် ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး နယ်မြေကို မျှော်မှန်းသည့် အဆိုပြုချက်ကို ကြည့်လိုပါသည်။ Zaha Hadid နှင့် Cox Architect တို့၏ ယှဉ်ပြိုင်မှုမှ terminal ၏ဒီဇိုင်းကို ရွေးချယ်ခဲ့သည်။ Sydney ၏ စီးပွားရေးအချက်အချာကျသော အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်နှင့် ချိတ်ဆက်ပေးမည့် Sydney West Metro Line ကိုစီစဉ်ထားပြီးဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ ခရီးသည်များသာမက လေဆိပ်နှင့်ပတ်သက်သော အလုပ်၊ သွင်းကုန်၊ ပို့ကုန်နှင့် ဟိုတယ်များတွင် ခေတ္တတည်းခိုနေသူများကြောင့် လေဆိပ်အနီးတစ်ဝိုက်တွင် မော်တော်ယာဉ် အသွားအလာများပြားလာမည်ဟု မျှော်လင့်ရသည်။ ထို့အပြင် အဆင့်မြင့်လှုပ်ရှားနေသည့် မြို့တော်သစ်ကို ဖန်တီးမည်ဖြစ်သည့်အတွက် ကျယ်ပြောလှသော ဧရိယာတစ်ဝိုက်တွင် သမားရိုးကျ ကားများနှင့် ရထားများသာမက အဆောက်အဦအတွင်း မြန်နှုန်းနိမ့်၊ အလိုအလျောက် မောင်းနှင်မည့် စက်ရုပ်နှင့် ဒရုံးများလည်း ပါဝင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤသည်မှာ လေယာဉ်များ၊ ရထားများ၊ ကားများ၊ အလိုအလျောက် သယ်ယူပို့ဆောင်ရေးနှင့် စက်ရုပ်များ အားလုံး လူသားများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မည့် စမတ်ကျသောရွေ့လျားသွားလာရေးမြို့တော်(Smart Mobility City)၏ စံပြပုံစံကို ထည့်သွင်းစဉ်းစားရန် အလွန်သင့်လျော်သော နေရာတစ်ခုဖြစ်သည်။

Smart Mobility ဆိုသည်မှာ လည်ပတ်မှုများကို ချောမွေ့စေရန် အချိန်နှင့်တပြေးညီ သွားလာမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်းဖြစ်ပြီး ဤနေရာတွင် လိုအပ်သည့်အရာမှာ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်အမျိုးမျိုး၏ တက်ကြွမှုကို အဆက်မပြတ်ခံစားနိုင်သော ဆိုက်ဘာရုပ်ပိုင်းဆိုင်ရာစနစ်(cyber-physical system)ကို တည်ဆောက်ခြင်းနှင့် အကောင်းဆုံးထိန်းချုပ်မှုအတွက် တုံ့ပြန်ချက်ပေးခြင်းဖြစ်သည်။ ၎င်းသည် သွားလာရေးအအတွက်အဆင်ပြေစေရုံသာမက ကာဗွန်နည်းသောလူ့အဖွဲ့အစည်းအတွက် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်၊ လူ့ဘဝ၏ပျော်ရွှင်မှုခံစားခြင်းနှင့် ပါတ်ဝန်းကျင်နှင့်အတူယှဉ်တွဲနေထိုင်ခြင်းတို့အတွက်လည်း လိုအပ်ပါသည်။ အထက်ဖော်ပြပါအချက်များဖြင့် အနာဂတ်၏ စမတ်ကျသောရွေ့လျားသွားလာနိုင်သောမြို့တော်ကို ဒီဇိုင်းထုတ်ခြင်း၏ရှုထောင့်မှ စနစ်တစ်ခုကို သရုပ်ပြသည့် အဆိုပြုချက်ကို ကျွန်ုပ်တို့မြင်တွေ့လိုပါသည်။

လျှောက်လွှာလိုအပ်ချက်များ
တင်သွင်းထားသောအလုပ်ဖန်တီးမှုတွင်ပါဝင်သူအားလုံးသည် ကျောင်းသားများဖြစ်ရမည် (အလုပ်လုပ်ကိုင်နေသောကျောင်းသားများ၊ ဘွဲ့လွန်သုတေသနနှင့် 2021 ခုနှစ် ဘွဲ့မရရှိမီ ဖန်တီးထုတ်လုပ်ထားသော လက်ရာများလည်း အကျုံးဝင်သည်)။
ဝင်ခွင့်များကို လူ သုံးဦး သို့မဟုတ် ထို့ထက်ပိုသော အဖွဲ့တစ်ဖွဲ့အဖြစ် တင်သွင်းရမည်ဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးစီသည် ၎င်းတို့တာဝန်ယူထားသည့် အလုပ်၏အပိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည်ဖြစ်သည်။
တင်ပြထားသော လက်ရာများ၏ မူပိုင်ခွင့်

ဤပြိုင်ပွဲမှ ဖန်တီးထားသော ဒေတာ၊ အလုပ်များနှင့် ထုတ်ကုန်အားလုံး၏ မူပိုင်ခွင့်များသည် ဖန်တီးသူ၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

Forum8 သည် ဖန်တီးသူမှ ဖန်တီးထားသော ဒေတာ၊ အလုပ်များနှင့် ပေးပို့နိုင်သော အချက်အလက်များ တည်းဖြတ်ခြင်းနှင့် စီမံဆောင်ရွက်ပိုင်ခွင့်ရှိမည်ဖြစ်ပြီး ၎င်းတို့ကို ၎င်း၏ဝဘ်ဆိုဒ်၊ အီးမေးသတင်း၊ PR မဂ္ဂဇင်းများတွင် ထုတ်ဝေခြင်းနှင့် ဖြန့်ဝေခြင်းကဲ့သို့သော ဒုတိယရည်ရွယ်ချက်များ (ပြင်ပကြေငြာချက်များ၊ သုတေသနတင်ပြချက်များ၊ အရောင်းလှုပ်ရှားမှုများနှင့် လူထုဆက်ဆံရေးလှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ စာအုပ်များ၊ မဂ္ဂဇင်းများ၊ သတင်းစာများ စသည်) တို့အတွက် အသုံးပြုပိုင်ခွင့်ရှိသည်။

အကဲဖြတ်ခြင်းစံ

Project ကိုဖန်တီးရန်အတွက် UC-win/Road ကိုအသုံးပြုရန် လိုအပ်ပါသည်။ ထို့အပြင်၊ ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ပရောဂျက်ကိုဖန်တီးရန်အတွက် အနည်းဆုံး FORUM8 ဆော့ဖ်ဝဲ/ဖြေရှင်းချက် တစ်ခုနှင့်အထက်ကို အသုံးပြုရမည်ဖြစ်သည်။ ဤချိတ်ဆက်မှုများနှင့် ဒီဇိုင်း/ခွဲခြမ်းစိတ်ဖြာမှု၏ ရလဒ်များကို ရှင်းပြထားသည့် BIM/CIM ဒေတာနှင့် ပိုစတာများကို တင်ပြရပါမည်။ ဤချိတ်ဆက်မှုများကို ရှင်းပြထားသည့် ဒေတာနှင့် ပိုစတာများနှင့် ဒီဇိုင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုရလဒ်များကို BIM/CIM နှင့် VR တို့၏အသုံးပြုမှုအတိုင်းအတာ၊ ဖန်တီးမှုကာလနှင့် အရည်အသွေး၊ ယုတ္တိဗေဒနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ၊ အလှတရားနှင့် မူရင်းဖြစ်တည်မှု၊ တင်ဆက်မှုနည်းပညာများနှင့် ဆော့ဖ်ဝဲလ်ကို ဒီဇိုင်းအသစ်ဖန်တီးရန် မည်သို့အသုံးပြုခဲ့သည်အပေါ်မူတည်၍ အကဲဖြတ်ပါမည်။

အပြီးသတ်ဆုံးဖြတ်ပွဲ ဖွင့်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား

ပွဲကျင်းပမည့်ရက်: ၂၀၂၂ နိုဝင်ဘာ ၁၇ ရက် ကြာသပတေးနေ့
နေရာ : Shinagawa Intercity Hall(MAP)

အဖွင့်အကဲဖြတ်ခြင်းတွင် ပါဝင်ရန် ပဏာမရွေးချယ်ထားသော အဖွဲ့များသည် ၁ မိနစ်စာ presentation တင်ပြရမည်။ မပါဝင်ပါက ဆုချီးမြှင့်ရန် အရည်အချင်းပြည့်မှီမည်မဟုတ်ပါ။
ဆုရရှိသော လက်ရာများကို နောက်ဆုံး အကဲဖြတ်ရေး ကော်မတီမှ ရွေးချယ်ပြီး VR-Cloud® မှတစ်ဆင့် cloud ပေါ်တွင် အကဲဖြတ်ကာ ဆုပေးပွဲ အခမ်းအနား ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲရလဒ်ကိုလည်း FORUM8 ဝဘ်ဆိုဒ်တွင် ကြေငြာပေးမည်ဖြစ်ပါသည်။

ဝင်ခွင့်နှင့် တင်ပြခြင်းလုပ်ငန်းစဉ်
၁.ဝင်ခွင့်မှတ်ပုံတင်ခြင်း။

ကျေးဇူးပြု၍ စာရင်းသွင်းပြီး မှတ်ပုံတင်ကာလ (သောကြာနေ့ ဧပြီလ ၂ ရက်မှ ကြာသပတေး ဇွန်လ ၃၀ ရက်၊ ၂၀၂၂) အတွင်း အင်္ဂလိပ်ဘာသာဖြင့် မှတ်ပုံတင်ပါ။
နိုင်ငံ၊ ကျောင်းကဲ့သို့သော အဖွဲ့အစည်းတခုအား ဖော်ပြနိုင်သည့် အသင်းအမည် သိုမဟုတ် လုပ်ငန်းများ မပါဝင်ရပါ။
စာရင်းသွင်းရန်၊ သင့်အဖွဲ့အမည်၊ အဖွဲ့၀င်များ စသည်တို့ကို အောက်ပါလင့်မှ ဝင်ရောက်ပြီး ဖြည့်စွက်ပါ။

ဝင်ခွင့် / စာရင်းသွင်းရန်

သင့်လုပ်ငန်းကို ခြုံငုံရှင်းပြချက် (အင်္ဂလိပ်လို စကားလုံး ၁၀၀ ဖြင့်) နှင့် သက်ဆိုင်ရာပုံများကို တင်ပြရန် အောက်ပါလင့်ခ်ကို အသုံးပြု၍ ဖောင်ကို ဒေါင်းလုဒ် (download) လုပ်ဖြည့်သွင်းပြီး အထက်ဖော်ပြပါ ဝင်ခွင့်ဖောင်ကို ပြန်လည် အပ်လုဒ် (upload) လုပ်ပါ။

ဝင်ခွင့်ဖောင်

၂.ဝင်ခွင့် လက်ခံပြီးနောက်

ဝင်ခွင့်လက်ခံပြီးနောက် အောက်ပါအချက်အလက်များကို အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ပါသည်။

- ဝင်ခွင့် ID
- အလုပ်၏ထုတ်လုပ်မှုအတွက်ပေးထားသောဒေတာနှင့်ပစ္စည်းများကိုဒေါင်းလုဒ်လုပ်ရန် URL
- သင်တက်ရောက်လိုသော နှီးနှောဖလှယ်ပွဲများအတွက် မည်ကဲ့သို့ လျှောက်ထားရမည့်အကြောင်း အချက်အလက်များ

ထုတ်ကုန်လိုင်စင်များ အခမဲ့ငှားရမ်းခြင်း။

၃.ပဏာမပြိုင်ပွဲများ/ ရလဒ်များ အသိပေးခြင်း။

ပဏာမစိစစ်မှုကို တင်သွင်းထားသော လျှောက်လွှာများကို အခြေခံ၍ ဇူလိုင်လ (၁၂)ရက်အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ရွေးချယ်မှုရလဒ်များကို ဇူလိုင်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

၄.အလုပ်တင်ပြခြင်း။

သတ်မှတ်ရက်မတိုင်မီ ဝင်ရောက်ပြီး အဆင့်မှီသည့်အသင်းများကိုသာ ၎င်းတို့၏ လက်ရာများကို တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ သင်၏အလုပ်ကို တင်သွင်းသည့်ကာလ (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်အင်္ဂါနေ့ မှ အောက်တိုဘာလ ၂ ရက်တနင်္ဂနွေနေ့) အတွင်း သီးခြားထပ်မံကြေညာမည့် သီးသန့် URL သို့ ကျေးဇူးပြု၍ တင်ပြပါ။

[တင်ပြရမည့် စာရွက်စာတမ်းများ]

- အသုံးပြုထားသော ဆော့ဖ်ဝဲဖြေရှင်းချက်ဖြင့် ဖန်တီးထားသည့် ဒေတာ
UC-win/Road VR data (မူပိုင်ခွင့်ချိုးဖောက်သောဒေတာများကို တားမြစ်ပါသည်။)
* UC-win/Road VR ဒေတာအတွက် Scripting (အလိုအလျောက်တင်ပြခြင်း) ဆက်တင်များ လိုအပ်ပါသည်။ အောက်ပါအချက်များကို သတိပြုပါ။
- ကြော်ငြာတစ်ခုကဲ့သို့ အလုပ်၏ပင်မစိတ်ကူးကို ဖော်ပြရန်အတွက် စက္ကန့် ၃၀ ကြာ ပင်မဇာတ်ညွှန်းကို ဖန်တီးပါ။
- ထို့အပြင်၊ တစ်ခုစီတွင် ၁၅ စက္ကန့်ဖြင့် script အများအပြားကို သင်စိတ်ကြိုက်ဖန်တီးနိုင်သော်လည်း ပင်မဇာတ်ညွှန်းတစ်ခုတည်းကိုကြည့်ခြင်းဖြင့် သင့်အလုပ်အား အသိအမှတ်ပြုနိုင်ကြောင်း သေချာပါစေ။
- သင့် Script ကို သီးသန့်ဖြစ်သောအမည်တစ်ခုပေးပါ။
- 768x432 resolution ဖြင့် Cloud screening ကို ပြုလုပ်ပါမည်။ ဖောင့်အရွယ်အစားကို သတိပြုပါ။

Script ပြုလုပ်ရန် လမ်းညွှန် (PDF, 523KB)

- "Data" created with FORUM8 software (data files ၂ ခုနှင့်အထက်)

- PDF file of A1 sized poster (အလျားလိုက်)
* English ဘာသာဖြင့်
ကျေးဇူးပြု၍ ဘယ်၊ ညာ၊ အပေါ်နှင့် အောက်အတွက် အနားသတ် ၁၀ mm ရှိသော ပိုစတာကို ဖန်တီးပါ။

စုံစမ်းမေးမြန်းမှုများအတွက် ဆက်သွယ်ရန်

FORUM8 Co. Ltd. Tokyo Head office Cloud Programing World Cup Section
Shinagawa Intercity A-21F, 2-15-1 Konan, Minato-ku, Tokyo 108-6021 Japan 108-6021
TEL:03-6894-1888 FAX:03-6894-3888
E-mail: bim@forum8.co.jp
URL: http://www.forum8.co.jp/myanmar/

ရရှိနိုင်သော ဆော့ဖ်ဝဲများ
ထုတ်ကုန်လိုင်စင် အခမဲ့ ငှားရမ်းမှုကာလ

၂၀၂၂ ဧပြီ ၁ ရက် သောကြာနေ့ မှ နိုဝင်ဘာ ၂၅ ရက် သောကြာနေ့ အထိ

* ငှားရမ်းမှုကြာချိန်၊ လိုင်စင်ကန့်သတ်ချက်များနှင့်ပုံစံသည် ပေးထားသည့် ထုတ်ကုန်တစ်ခုချင်းစီပေါ်တွင် မူတည်မည်ဖြစ်သည်။
* အငှားလိုင်စင်များသည် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်တစ်ခုစီမှ ပေးဆောင်သည့် လုပ်ဆောင်ချက်အားလုံးကို အသုံးပြုခွင့်ပြုသော်လည်း ၎င်းတို့ကို ပြိုင်ပွဲအတွက်မှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် အသုံးမပြုနိုင်ပါ။

ရရှိနိုင်သော ဆော့ဖ်ဝဲများ

(ငှားရမ်းရန် စီစဉ်ထားသော Product များ) **လိုအပ်သောဆော့ဖ်ဝဲ* အနည်းဆုံး product ၂ ခု အသုံးပြုရမည်။

**UC-win/Road
(including Aimsun Linkage, VISSIM Linkage, Micro Simulation Player, Parking Lot, Assessment, Tsunami, Debris-Avalanche, Point Cloud / As-built drawing management plugins)

Allplan
Integrated Civil Construction BIM Solution

* Engineer's Studio®
3D Plate Dynamic Non-linear Analysis

3DCAD Studio®

Shade3D

* UC-1 Series
Civil engineering design CAD
Vehicle Trajectory Mapping System, Parking Drawing System, Pier 3D bar arrangement, Abutment design 3D bar arrangement, 3D bar arrangement CAD, etc.

* UC-1 for SaaS
UC-1 cloud version, RC section, FRAME, etc.) (Japanese only)

* DesignBuilder
Building Energy Consumption Calculation

EXODUS / SMARTFIRE Analysis Support Service, Evacuation Analysis Support Service  *1

* Wind and Heat Movement Analysis Support Service  *1

* Municipality solution *2

* Parking solution *2

* VR city planning system *2

* Super computing cloud *2

*1: BIM ဒေတာဖြင့် ရိုးရှင်းသော ခွဲခြမ်းစိတ်ဖြာခြင်းဝန်ဆောင်မှုကို ပေးဆောင်ထားပါသည်။
*2: အမျိုးမျိုးသော ဖြေရှင်းချက်/ဝန်ဆောင်မှု (ခွဲခြမ်းစိတ်ဖြာခြင်း/တင်ဆက်ခြင်း စသည်) တို့သည် BIM တွင် လျှောက်လွှာအတွက် ကန့်သတ်အချိန်ဖြင့် ရရှိနိုင်ပါသည်။ အသုံးပြုရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကြိုတင် ဆွေးနွေးတိုင်ပင်ရန် လိုအပ်ပါသည်။

Online ဆွေးနွေးပွဲများ

လျှောက်ထားသူများသည် FORUM8 မှကျင်းပသည့် ဤဆော့ဖ်ဝဲလ်ဆိုင်ရာ သင်တန်းနှင့် ဆွေးနွေးပွဲများ (အခမဲ့ သို့မဟုတ် အခကြေးငွေဖြင့်) တွင်လည်း ပါဝင်နိုင်သည်။

ယခင် ဆုရ လက်ရာများ

  • The 11th World Cup Award

    Burbur Chacha, National University of Kaohsiung (Taiwan)

    Bubble Stream
    "Bubble Stream" သည် ကူးစက်ရောဂါလွန်ခေတ် ဖူးခက်၏အနာဂါတ်အတွက် အသေးစိတ်ပုံစံဖြစ်သည်။ ဖူးခက်ရှိ ရှိပြီးသားပြဿနာမျိုးစုံကို ခွဲခြမ်းစိတ်ဖြာပြီး ဖြစ်နိုင်ချေရှိသော အဖြေများကို အကြံပြုကာ AI နည်းပညာနှင့် ဆန်းသစ်သောပူဖောင်းစနစ်ဖြင့် ဖူးခက်ကို ကမ်းခြေအပန်းဖြေမြို့အဖြစ် အနာဂတ်မျိုးဆက်သစ်များ ခံစားသိရှိလာစေရန် ရည်ရွယ်သည်။ ယင်းအယူအဆကို ဖူးခက်ကမ်းခြေရှိ လှိုင်းလုံးများဖြင့် ပုံဖော်ထားသည်။ ပူဖောင်းများ ချိတ်ဆက်နေချိန်တွင် ၎င်းတို့ကို ဆန်းသစ်ဆန်းသစ်သော အယူအဆစနစ်အဖြစ် ပြောင်းလဲကာ ကမ်းခြေအပန်းဖြေစခန်းတစ်ခုလုံးတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။ ပင်မဒီဇိုင်းဖြစ်သည့် "visualization of foam" ဖြင့် မြို့ပြနေရာသည် ဒေါင်လိုက် ဖွံ့ဖြိုးလာပြီး အသုံးပြုမှုပုံစံများတွင် ပိုမိုကွဲပြားလာမည်ဖြစ်သည်။
  • The 11th Excellence Award

    NERVLAND, National University of Kaohsiung (Taiwan)

    NEVERLAND
  • The 11th Excellence Award

    Greenhorns, Technological University (Hmawbi) (Myanmar)

    Pearl Smart Resort
  • The 11th Honorable Judge Award Architectural Informatics Award

    Little Mermaid, National University of Kaohsiung (Taiwan)

    ARK No.33
  • The 11th Honorable Judge Award Anadrome Award

    NEWEST, University of Transport and Communications (Vietnam)

    An enchanting evergreen wonderland
  • The 11th Honorable Judge Award Recycling Award

    Wave Blade, University of Transport and Communications (Vietnam)

    The ECO-SMART Resort
  • The 11th Honorable Judge Award EcoVision Award

    U crew, Nihon University (Japan)

    Energy Circulation City
ဆုပေးပွဲ အခမ်းအနား (Virtual Design World Cup(VDWC) The 11th Student BIM&VR Design Contest on Cloud / နိုဝင်ဘာ ၂၀၂၁)
ပြိုင်ပွဲသမိုင်း